Friday, April 29, 2016

မိုဘိုင်းဖုန်းကိုအသုံးပြုတတ်ပြီလား ?

မိုဘိုင်းဖုန်းကိုအသုံးပြုတတ်ပြီလား ?
========================
အပိုင်း( ၁ )

ကျွန်တော်တို့နေစဉ်သုံးစွဲနေတဲ့ မိုဘိုင်းဖုန်းများကို တကယ်အသုံးချတတ်ပြီလား ? ဒါမှမဟုတ် မိုဘိုင်းဖုန်းများက လူတွေကိုပြန်လည်အသုံးချနေတာလားဆိုတာကို ကျွန်တော်တို့တစ်ချက်လောက် စဉ်းစားကြည့်ရအောင်နော်။လူငယ် လူလတ် လူကြီး အားလုံးနီးပါး မိုဘိုင်းဖုန်းလေးတွေကိုယ်စီကိုယ်စီ  ကိုင်နေကြတယ်။ တစ်ချို့က Facebook '' Beetalk '' Viber '' Wechat '' ချက်တင်ထိုင်နေကြတယ်။ တစ်ချို့က Facebook မှာ သတင်းတွေဖတ်ကြတယ်။စာတွေဖတ်ကြတယ်။ကိုယ်ဝါသနာပါတဲ့ပညာရပ်ဆိုင်ရာတွေလေ့လာကြတယ်။ကိုယ့်ရဲ့တစ်နေတာ လှုပ်ရှားဖြတ်သန်းမှုတွေကို ပို့စ်တင်ကြပြန်တယ်။" မွချိ  မွချိ  " စမီးကို ချစ်ရင် Like ပေးကြ  ဘာကြပေါ့။Like ပေးရင် အာဘွားပေးမယ် ဘာပေးမယ်ပေါ့။တစ်ချို့က   Comment တွေမှာ ဝေဖန်ဆွေးနွေး အကြုံပြုစာတွေ ရေးကြတယ်။တစ်ချို့ကတော့ Comment တွေအောက်မှာ Online စစ်ပွဲဖြစ်  လေဗုံးကြဲသူကကျဲ ၊ တစ်ချို့ကြပြန်တော့ တွေ့သမျှပို့စ်အားလုံးကြည့်  Click နှိပ်   ဒီလိုနဲ့ Online ပေါ်မှာဖြတ်သန်းနေခဲ့ကြတာပေါ့။
……………………………………………
 " စဉ်းစားကြည့်ရအောင်နော် "
………………………………
             ……………………………
မိတ်ဆွေ………သင်ရော Online ပေါ်မှာ ဘာတွေလုပ်နေလဲ ? တကယ်အသုံးချတတ်နေပြီလား  ?
ဒါမှမဟုတ် အသုံးချခံနေရတာလား  ?
…………………………………………………………………………
မိုဘိုင်းဖုန်းများကို အကျိုးရှိစွာ အသုံးချတတ်ကြပါစေ……………………
……………………………………
                     ………………………………
             Mg  Myint ( N.P.T )

               

ဒီစာစုလေးကို ကြိုက်နှစ်သက်ရင် ရှယ်ပေးကြပါနော်။


စာပေကမ္ဘာဖေ့စ်ဘွတ်ခ် စာမျက်နှာကို Like လုပ်ပြီးလည်း စိတ်ဓာတ်ခွန်အားဖြည့်စာစုများဖတ်ရှုနိုင်ပါတယ်။
www.facebook.com/sarpaykabar
          မေတ္တာဖြင့် - စာပေကမ္ဘာ












No comments:

Post a Comment